|
|
» Education
Next »
လူငယ်ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်လှစ်မည်
ထူးချွန်သင်တန်းသားများအား ပြည်ပဒိုင်လူကြီးသင်တန်းများသို့
ဆက်လက်ရွေးချယ်စေလွှတ်သွားမည်
18 Feb,
2011
မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့်
မျိုးဆက်သစ်လူငယ်ဒိုင်လူကြီးများ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်၍
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ယခုနှစ်မတ်လအတွင်း လူငယ်ဘောလုံး
ဒိုင်လူကြီးသင်တန်းကို ဖွင့်လှစ်သွားမည်ဟု သိရသည်။ ယင်းသင်တန်းသို့
တက်ရောက်လိုသူများအနေဖြင့် အသက်(၂၀)မှ(၂၅)နှစ်အထိ ကျန်းမာသန်စွမ်း၍
အခြေခံပညာ အထက်တန်းအဆင့်ရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စာ
အခြေခံလည်းနားလည်တတ်ကျွမ်းပြီး ဒိုင်လူကြီးလုပ်ငန်းကို
အမှန်တကယ်စိတ်ဝင်စားသည့်သူဖြစ်ရပါမည်။
သင်တန်းတက်ရောက်ရန်စိတ်ဝင်စားသူများအနေဖြင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဒိုင်လုပ်ငန်းဌာန (ဖုန်း - ၀၁ ၅၇၂၇၉၄ ) သို့ အသေးစိတ်
ဆက်သွယ်စုံစမ်းနိုင်ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက် နောက်ဆုံး ထား၍
ရုံးချိန်အတွင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါ
လူငယ်ဒိုင်လူကြီးသင်တန်းမှ ထူးချွန်သင်တန်းသားများအား
အာရှဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်မည့် ပြည်ပ
လူငယ်ဒိုင်လူကြီးသင်တန်းများသို့
ဆက်လက်ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|