UP NEXT

ပဏာမ မြန်မာ ယူ-၂၃ အသင်းနှင့် ခြေစမ်းမည့် ညွှန့်ပေါင်းအသင်း လူစာရင်း ထုတ်ပြန်

  • Created on Tuesday, 14 May 2013 15:49
  • Written by Ni Zaw Ye

တောင်ကြီးမြို့တွင် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် သွားရောက် လေ့ကျင့်မည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည့် မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းများမှ နိုင်ငံခြားသားများ (ဂိုးသမားမှအပ) ပါဝင်သည့် ညွန့်ပေါင်း အသင်းကို ယနေ့ လူစာရင်း ထုတ်ပြန်ကြေညာ လိုက်သည်။ ညွန့်ပေါင်း အသင်းအား မကွေးအက်ဖ်စီ အသင်းနည်းပြ ဦးကြည်လွင်မှ နည်းပြချုပ် အဖြစ် တာဝန်ယူ ကိုင်တွယ်မည် ဖြစ်ကာ နည်းပြများအဖြစ် ဇေယျာရွှေမြေမှ ဦးစိုးမိုး၊ နေပြည်တော် အက်ဖ်စီမှ ဦးမျိုးလှိုင်ဝင်း တို့က အတူတကွ တာဝန်ယူ ဆောင်ရွက်ကြမည် ဖြစ်သည်။

ညွန့်ပေါင်း အသင်းသည် ပဏာမ ယူ-၂၃ အသင်းနှင့် တောင်ကြီးမြို့ KBZ ကွင်းတွင် မေလ (၂၆)ရက်နေ့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး ရန်ကုန်မြို့မှ မေလ (၂၅)ရက်နေ့တွင် ထွက်ခွါကာ မေလ (၂၇)ရက်နေ့တွင် ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

နည်းပြအဖွဲ့

နည်းပြချုပ် - ဦးကြည်လွင် (မကွေး)
နည်းပြ - ဦးစိုးမိုး (ဇေယျာရွှေမြေ)
နည်းပြ - ဦးမျိုးလှိုင်ဝင်း (နေပြည်တော်)

ကစားသမားများ

ဂိုး - သီဟစည်သူ (ရတနာပုံ)၊ ကျော်ဇင်ထက် (KBZ)
နောက်တန်း - D Jam (ရတနာပုံ)၊ Clifford (ဟံသာဝတီ)၊ Martin (ဇေယျာရွှေမြေ)၊ Ibrahim (မနောမြေ)၊ Marshall(နေပြည်တော်) ဟန်ဆန် (KBZ)၊ Benson (ရခိုင်ယူနိုက်တက်)
အလယ်တန်း - Ivan (မကွေး)၊ Kambou (မနောမြေ)၊ Jung၊ Kone (နေပြည်တော်)၊ Chawkuazu (ဇေယျာရွှေမြေ)၊ Matsumoto Ken (ဇွဲကပင်)
ရှေ့တန်း - Enama (ရတနာပုံ)၊ Mandengue (နေပြည်တော်)

 
Partner
 
Main Partner
Official Jersey