themff.org

WED | 06 th January 2010 | Search:



MAIN PAGE


Sign Up | Forgot Password?

 

Newsletter signup
Enter your email here

    

 

 
 


» International News

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် AFC Cup ပြိုင်ပွဲဝင်မည့် အသင်းများမှ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်

16 Feb, 2012

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် AFC Cup ပြိုင်ပွဲဝင်မည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းမှ တာဝန်ရှိသူများ ညှိုနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁၁း၀၀)နာရီတွင် MFF အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် MFF အတွင်းအရေးမှူးဦးတင်အောင်က အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာဌာနတာဝန်ခံများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် အသင်းများနှင့် ညှိုနှိုင်းဆောင်ရွက်စရာရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ MFF အနေဖြင့် AFC Cup တွင် ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့ အိမ်ကွင်းပွဲစဉ်များ ယှဉ်ပြိုင်ရာတွင် လိုအပ်သည့် အကူအညီများ ကို ပံ့ပိုးပေးရန်အဆင့်သင့်ရှိကြောင်းကို အဓိကထားပြောကြားခဲ့ပြီး အသင်းတာဝန်ရှိသူများကလည်း အိမ်ကွင်းလက်ခံရာတွင် လိုအပ်သည်များ နှင့် သိရှိလိုသည်များကို MFF အား ဆွေးနွေးတင်ပြခဲ့ပြီးနောက် အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။

 

Home
About MFF
Photo Gallery

News
Events
 

Fixtures & result
Site Map
Contact Us