|
ဂွမ်ရှိန်
ဂွမ်ရှိန်မှာ ထားဝယ်မြို့ စာရေးကြီးရပ်နေ ဦးကြည်
ဆိုင်-ဒေါ်ဒွေးရင်တို့၏ သားဖြစ်သည်။ အရပ် (၅) ပေ၊ (၃)
လက်မမျှသာရှိပြီး ကိုယ် အလေးချိန်မှာ (၁၁၈) ပေါင်ရှိ၍ဘောလုံးကစားသူများထဲတွင် အညှက်ဆုံးဖြစ်သည်။ဗမာ့တပ်မတော်အသင်းတွင်
ညာအတွင်းလူအဖြစ် ကစားရာ အထူးနာမည်ကြီး၍ မြန်မာပြည် လက်ရွေး
စင်လည်းဖြစ်သည်။ |
စောကလိုက်
စောကလိုက်မှာ ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။ အရပ် (၅)ပေ၊
(၇)လက်မ၊ ကိုယ်အလေးချိန် (၁၃၈) ပေါင်မျှရှိ၏။ မြန်မာပြည် မီးရထားအသင်းတွင် နှစ် ယောက်တန်းလူအဖြစ် ကစားရာအထူးနာမည်ကြီး ၍ မြန်မာပြည်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသည်။ |
|
စောနီ
စောနီကား သထုံခရိုင်ဘီးလင်းမြို့ ဦးလှဖေ-ဒေါ်သန့်တို့၏သားဖြစ်သည်။
အရပ်မှာ (၅)ပေ၊ (၂) လက်မခွဲရှိပြီး ကိုယ်အလေးချိန် ပေါင်
(၁၂၀)မျှရှိသည်။
တပ်မတော်ဘောလုံးအသင်းတွင် (၃)ယောက် တန်း၌ ကစားသည်။
အရပ်ပု၍ လူငယ်သော်လည်း ဇွဲကောင်းခြင်း၊ လျင်မြန်ခြင်း၊
သတ္တိရှိခြင်း၊ အပင်ပန်းခံနိုင်ခြင်းတို့ကြောင့်
မြန်မာ့လက်ရွေး စင်အဖြစ် ရွေးချယ်ခံရသည်။
(၃) ယောက်တန်းတွင် အပုဆုံးသော လူတစ်ယောက်ဖြစ်သဖြင့် အရပ်ပု သော
ဘောလုံးသမားများအတွက် အားကျဖွယ်ကောင်းသည်။ |
စောမြဇင်
စောမြဇင်သည် မြန်မာပြည်လက်ရွေးစင် ဂိုးသမား တစ်ယောက်ဖြစ်သည်။ သူသည်
ပုသိမ်မြို့ အေဘီ အမ်ကျောင်းဆရာကြီး ဦးချစ်ထွေး-ဒေါ်မမတို့၏
သားထွေးဖြစ်ပြီး ကလေးဘ၀ကပင် တင်းနစ်ကစား ခြင်းနှင့်
ဘောလုံးကစားခြင်းတို့တွင် ၀ါသနာထုံခဲ့၏။ စောမြဇင်သည်
ကျောင်းပေါင်းစုံဘောလုံး ပြိုင်ပွဲများတွင် ပါဝင်ခဲ့ပြီး သူပါဝင်ခဲ့ သော
ဟိုက်စကူးကျောင်းအသင်းမှ ဖလားရခဲ့ဖူး၏။ ဂျပန်ခေတ် တစ်ခေတ်လုံး
ပုသိမ်တွင်ကစားခဲ့၏။ ၁၉၄၅ ခုနှစ်တွင် ရေတပ်မတော်မှာ အမှုထမ်းပြီး ၁၉၄၆ တွင်
ဘီအေအေအဝေးကွင်းတွင် ပါဝင်ကစားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင်
ရေတပ်မတော်မှထွက်ပြီး ပုသိမ်ပြန်၍ ကစားခဲ့၏။ ၁၉၄၈ ခုနှစ်ကစ၍
ကောက်ပဲသီးနှံရုံးတွင် ၀င်ရောက်ကစားခဲ့ရာ နိုင်ငံခြားသို့ သွားကစားရာ၌
လည်းကောင်း နိုင်ငံခြားမှလာသော အသင်းများနှင့်သော်လည်းကောင်း ကစားရာတွင်
ပထမတန်းရဂိုးသမားတစ်ဦးအဖြစ် အရွေးခံရကာ ပါဝင်ဆင်နွှဲရ သူတစ်ယောက်
ဖြစ်ပေသည်။ |