ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်
(FIFA) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ
မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ပူးပေါင်းဖွင့်လှစ်သည့်
Myanmar Football Academy (Mandalay) အတွက် လူရွေးချယ်ပွဲကို
April 27th, 2010 နှင့် April 29th, 2010 နေ့ ညနေ (3:00)
အချိန်တွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌
ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါရွေးချယ်ပွဲတွင် ရန်ကုန်တွင် စခန်းသွင်းလေ့ကျင့်နေသည့်
ပဏာမရွှေးချယ်ထားသော U-11 အတွက် (၆၀) ဦး၊ U-13 အတွက် (၆၀) ဦး၊
U-15 အတွက် (၆၀) ဦး မှ တစ်တန်းလျှင် လူ (30) ဦးစီ အပြီးသတ်
ရွေးချယ်မည်ဖြစ်သည်။ Media များနှင့် စိတ်ပါဝင် စားသည့်
ဘောလုံးဝါသနာရှင်များ လာရောက် ကြည့်ရှုနိုင်ရန်
ဖိတ်ခေါ်အပ်ပါသည်။